Burmese - မြန်မာ

စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ (City of Stirling) သည် ဩစတြေးလျားနိုင်ငံတွင် ယဉ်ကျေးမှုအရ မျိုးမတူ ကွဲပြားခြားနားခြင်း အများဆုံးဖြစ်သည့် လူမှုအဖွဲ့အစည်းများအနက် တစ်ခု မိမိတို့မြို့နယ်တွင်ရှိနေသည်ကို ဂုဏ်ယူပါသည်။ ကျွန်ုပ်တို့၏မြို့နယ်တွင်နေထိုင်သည့် အင်္ဂလိပ်စကားမပြောသောသူများအား သူတို့ လိုအပ်သည့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ရရှိ အသုံးပြုနိုင်စေရေးအတွက် ကူညီပံ့ပိုးရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချ ဆောင်ရွက်နေပါသည်။

ဘာသာစကားနှင့် ဘာသာပြန် ကူညီပံ့ပိုးမှု

အင်္ဂလိပ်ဘာသာစကား ကူညီပံ့ပိုးမှု 

အကယ်၍ သင့်အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို တိုးတက်စေရန် အကူအညီလိုအပ်ခဲ့လျှင် သင့်အနေနှင့် ဩစတြေးလျားနိုင်ငံအစိုးရ၏ သက်ကြီးအခြေချ အင်္ဂလိပ်ဘာသာ အစီအစဉ် (adult migrant English program) (AMEP) ထံမှ အကူအညီရရန် လိုအပ်ချက်ပြည့်မီနိုင်ပါသည်။

ပိုမိုသိလိုပါက ကျေးဇူးပြု၍ AMEP ဝက်ဘ်ဆိုက် (AMEP website) တွင်ကြည့်ပါ။

ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှု

ကျွန်ုပ်တို့၏မြို့နယ်တွင်နေထိုင်သော အင်္ဂလိပ်စကား မပြောသူများအတွက် ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှု (TIS) မှတဆင့် စကားပြန်နှင့် ဘာသာပြန် ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။ ဝန်ဆောင်မှုက အောက်ဖော်ပြပါဌာနများနှင့် လုပ်ငန်းများအတွက် ဘာသာစကားပေါင်း 160 ဖြင့် ပြောဆိုဆက်ဆံမှုများ၊ ရေးသားဆက်ဆံမှုများတွင် ဘာသာပြန်ပေးပါသည် -

  • အစိုးရဌာနများ
  • အမြတ်အစွန်းမယူသော အဖွဲ့အစည်းများ
  • စီးပွားရေးလုပ်ငန်းများ ဖြစ်ကြပါသည်။

ဤဝန်ဆောင်မှုကို အသုံးပြုရန် ကျေးဇူးပြု၍ TIS သို့ 131 450 မှတစ်ဆင့် ဆက်သွယ်ပြီး စတာလင်မြို့ကောင်စီကို ဆက်သွယ်လိုကြောင်း ဖုန်းအော်ပရေတာအား အသိပေးပါ။

လူမှုရေး ဝန်ဆောင်မှုများဌာန

လူမှုရေး ဝန်ဆောင်မှုများဌာန (Department of Social Services) (DSS) သည် ဩစတြေးလျားနိုင်ငံတွင် အမြဲတန်း အခြေချနေထိုင်သူများနှင့် AMEP တွင် အမည်စာရင်း ပေးသွင်းထားသူများအတွက် အခမဲ့ဘာသာပြန် ဝန်ဆောင်မှုများ ပေးပါသည်။ ပိုမိုသိလိုပါက ကျေးဇူးပြု၍ DSS ကို 1800 962 100 တွင် ဖုန်းဆက်ပါ။

အကယ်၍ သင်သည် DSS ကို စကားပြန်အကူအညီဖြင့် ဆက်သွယ်လိုပါက ကျေးဇူးပြု၍ ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှု (TIS) ကိုဖုန်းနံပါတ် 131 450 တွင်ဆက်သွယ်ပြီး DSS ၏ဖုန်းနံပါတ် ပေးလိုက်ရန် သတိပြုပါ။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ (City of Stirling) သည် လူမှုအဖွဲ့အစည်းကို ဝန်ဆောင်မှု အမျိုးမျိုး ပံ့ပိုးပေးပါသည်။

ထိုဝန်ဆောင်မှုများထဲတွင် ပါဝင်သည်မှာ -

စွန့်ပစ်ပစ္စည်းများနှင့် ပြန်လည်ပြုပြင် အသုံးချခြင်း

လူနေအိမ်များမှ အမှိုက်ပုံးများ

စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ဖော်ပြပါ စွန့်ပစ်ပစ္စည်းများအတွက် အမှိုက်ပုံး သုံးမျိုးစနစ် ကျင့်သုံးပါသည် -

  • အထွေထွေ စွန့်ပစ်ပစ္စည်း
  • ပြန်လည်ပြုပြင်အသုံးချနိုင်သော စွန့်ပစ်ပစ္စည်း
  • သစ်ရွက်သစ်ဆွေး စွန့်ပစ်ပစ္စည်းများ ဖြစ်ကြပါသည်။

အထွေထွေအမှိုက်ပုံးများကို အပတ်စဉ် သိမ်းဆည်းပါသည်။ ပြန်လည်ပြုပြင်အသုံးချပစ္စည်း အမှိုက်ပုံးနှင့် ခြံတွင်းမှစွန့်ပစ်ပစ္စည်း အမှိုက်ပုံးများကို နှစ်ပတ်တစ်ကြိမ် သိမ်းဆည်းပါသည်။

မြို့သူမြို့သားများအနေနှင့် ကျွန်ုပ်တို့၏ စွန့်ပစ်ပစ္စည်းများနှင့် ပြန်လည်ပြုပြင် အသုံးချခြင်းဆိုင်ရာလမ်းညွှန် (Waste and Recycling Guide) ၏ အကူအညီဖြင့် မိမိတို့၏ စွန့်ပစ်ပစ္စည်းများကို ရွေးချယ်စွန့်ပစ်ရန် တိုက်တွန်းပါသည်။ သင့် စွန့်ပစ်ပစ္စည်းများကို မှန်ကန်စွာရွေးထည့်ခြင်းဖြင့် မြေဖို့စွန့်ပစ်ရာမှ လွှဲဖယ်လိုက်ပြီး ကျွန်ုပ်တို့၏လူမှုပတ်ဝန်းကျင်အတွက် ပိုမို ပြန်လည်ပြည့်ဖြိုးသော အနာဂတ်ကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။

အခမဲ့ ဝိုင်ဖိုင်နေရာများ

မြို့သူမြို့သားများနှင့် ဧည့်သည်များသည် မြို့တော် စာကြည့်တိုက်များ၊ အပန်းဖြေနေရာများနှင့် စတာလင်ရှိ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာ ဌာန (Administration Centre) မှ အခမဲ့ ဝိုင်ဖိုင်နေရာများကို အသုံးပြုနိုင်ပါသည်။

စတာလင် စာကြည့်တိုက်များ

စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် စာအုပ်များနှင့် မှီငြမ်းလေ့လာစရာများ၊ အခမဲ့ဝိုင်ဖိုင်၊ ကွန်ပြူတာများ၊ ပုံနှိပ်ခြင်း၊ မိတ္တူကူးခြင်းနှင့် အခန်းငှားရမ်းခြင်းစသည့် ဝန်ဆောင်မှု အမျိုးမျိုး ပေးသည့် စာကြည့်တိုက် ခြောက်ခု ရှိပါသည်။ 

အဖွဲ့ဝင်ဖြစ်ရန်အတွက် အစိုးရမှထုတ်ပေးထားသော သင့် ထိုးမြဲလက်မှတ်နှင့်သင့်ဓာတ်ပုံပါသည့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကတ်နှင့်အတူ အိမ်သုံး လျှပ်စစ်၊ ရေ၊ တယ်လီဖုန်းသုံးစွဲမှု ငွေတောင်းစာကဲ့သို့သော သင့်နေရပ်လိပ်စာ ပါသည့် အထောက်အထားကိုလည်း ကျေးဇူးပြု၍ယူလာပါ။ 

လူမှုအဖွဲ့အစည်း ပံ့ပိုးကူညီမှုနှင့် ဝန်ဆောင်မှုများ

စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မိသားစုများ၊ လူငယ်များ၊ သက်ကြီးဝါကြီးများနှင့် မသန်မစွမ်းမှုရှိသူများအတွက် ပံ့ပိုးကူညီမှုနှင့် ဝန်ဆောင်မှုများ အမျိုးမျိုးပေးပါသည်။

အားလပ်ချိန်နှင့် နေရာငှားရမ်းခြင်း

စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် အများပြည်သူ အတွက် ပန်းခြံများ၊ ဥယျာဉ်သတ်မှတ်နေရာများ စုစုပေါင်း 400 ကျော်၊ အားလပ်ချိန် အပန်းဖြေရန်နေရာ ခုနစ်နေရာ၊ ရေကူးကန် သုံးခုနှင့် အခမ်းအနား ကျင်းပရန်နေရာများစွာ ငှားရမ်းရန် ရှိပါသည်။

စီမံကိန်းနှင့် အဆောက်အဦ ဆောက်လုပ်ခြင်း

စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဝန်ဆောင်မှုများအဖွဲ့သည် လျှောက်လွှာတင်ခြင်း၊ ဆောက်လုပ်ခြင်းနှင့် မြေအသုံးချခြင်းတို့နှင့်ပတ်သက်သော အကူအညီနှင့် အကြံဉာဏ်များပေးပါသည်။

တိရစ္ဆာန်များနှင့် အိမ်မွေး တိရစ္ဆာန်များ

တိရစ္ဆာန်များနှင့် အိမ်မွေး တိရစ္ဆာန်များသည် လူမှုအဖွဲ့အစည်း၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာရေးအတွက် အကျိုးပြုသည့် ကဏ္ဍတွင်ရှိနေပြီး များစွာသော ကျွန်ုပ်တို့၏ ဒေသခံများအတွက် ပျော်ရွှင်ကြည်နူးမှုရစေကာ အဖော်ကောင်းများလည်း ဖြစ်ကြပါသည်။ စတာ်လင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ကျွန်ုပ်တို့၏ မူဝါဒများနှင့် ဝန်ဆောင်မှုများဖြင့် တိရစ္ဆာန်များနှင့် အိမ်မွေး တိရစ္ဆာန်များ၊ သူတို့၏ပိုင်ရှင်များ၏ လိုအပ်ချက်များကို လူမှုအဖွဲ့အစည်း တစ်ခုလုံး၏ လိုအပ်ချက်များနှင့် ဟန်ချက်ညီစွာ ဆောင်ရွက်ပေးပါသည်။

အိမ်မွေး တိရစ္ဆာန်များ မှတ်ပုံတင်ခြင်း

အိမ်မွေး တိရစ္ဆာန်ပိုင်ရှင်များသည် မိမိတို့၏ ကြောင်များနှင့် ခွေးများကို စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ၌ နှစ်စဉ်၊ သုံးနှစ်တစ်ကြိမ် သို့မဟုတ် တစ်သက်တာအဖြစ် မဖြစ်မနေ မှတ်ပုံတင်ကြရပါသည်။ နှစ်စဉ်နှင့် သုံးနှစ်တစ်ကြိမ် မှတ်ပုံတင်ခြင်း များသည် 31 October တွင် သက်တမ်းကုန်ဆုံး၍ အသစ် မှတ်ပုံတင်ကြရပါသည်။

လှုပ်ရှားဆောင်ရွက်မှုများ

စတာလင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် တစ်နှစ်တာပတ်လုံး လှုပ်ရှားဆောင်ရွက်မှုများ၊ ဆွေးနွေးပွဲများနှင့် လှုပ်ရှားမှုများကို စီမံဆောင်ရွက်ပါသည်။ သင့်နေရာအရပ်အတွင်းမှ လှုပ်ရှားဆောင်ရွက်မှုတစ်ခုခုကို သိလိုပါက ကျေးဇူးပြုပြီး ကျွန်ုပ်တို့၏ လှုပ်ရှားဆောင်ရွက်မှုများ ပြက္ခဒိန်တွင် ကြည့်ပါ။

လှုပ်ရှားဆောင်ရွက်မှုများ